Sunday, 21 October 2007

ကျမအကြိုက် music bandများ

ခုတလော စိတ်တွေရှုပ်ထွေးနေလို့ ရီစရာလေးတွေ မရေးနိုင်ဘူးဖြစ်နေပါတယ်... ရေးပြီးသားကို ပြန်ဖတ်ကြည့်ပြန်တော့လဲ အသက်မပါသလိုကြီး ဖြစ်နေတယ်... ဒါကြောင့် ဒီတခေါက်တော့ ကျမ အကြိုက် music band တွေရဲ့ အကြောင်းလေးတွေ တင်လိုက်ပါတယ်... အားလုံးကို တောင်းပန်ပါတယ်နော်... ဒါပေမဲ့ မကြာခင်မှာ ဂွီ ဂေါ် အစီအစဉ်ကို တတ်သမျှမှတ်သမျှလေး ရေးပြီး ဆက်တင်သွားမှာပါ... ကျေးဇူးတင်ပါတယ်ရှင်...




ပထမဆုံး ကျမအကြိုက် bandလေးတွေနဲ့ မိတ်ဆက်ပေး ပါရစေနော်... သူတို့ သီချင်းလေးတွေ နားထောင်ကြည့်ချင်ရင် ကျမရဲ့ play list ထဲမှာ နားထောင်လို့ ရပါတယ်ရှင်... ဒီ band လေးကတော့ Plain White T's ပါ... Hey There Delilah သီချင်းလေးရဲ့ ပိုင်ရှင်ပါ...







နောက် တဖွဲ့ကတော့ The Click Five ပါ... ကျမ play list ထဲက Jenny သီချင်းကို ဆိုတဲ့ အဖွဲ့လေးပါ... vocal အသစ် ပြောင်းသွားတဲ့ bandဖြစ်ပါတယ်...












ဒီ bandလေးကတော့ Cobra Starship ပါ... ကျမ play list ထဲက Church of Hot Addiction သီချင်းဆိုတဲ့ band ပါ... ဒီband မှာ မိန်းကလေး တယောက်က keyboard တီးပါတယ်... ဒီvocalက ရုပ်ရှင်ကားတကား ဖြစ်တဲ့ Snake on The Plane ထဲက ဇာတ်ဝင်တေးကို ဆိုပေးခဲ့သူလည်း ဖြစ်ပါတယ်...





Stolen သီချင်းကို ဆိုထားတဲ့ Dashboard Confessional ပါ...












Paramore ပါရှင်... မိန်းကလေး vocalist နဲ့ ဒီ band လေးဟာ သံစဉ် ခပ်ကြမ်းကြမ်း ကိုမှ ကြိုက်သူတွေ အတွက် ပိုအဆင်ပြေမှာပါ... ကျမစိတ်ညစ်တိုင်း နားထောင်တတ်တာက Paramore ရဲ့ Pressure ပါရှင်...








Shiny Toy Guns ပါ... သူတို့ရဲ့ Le Disko သီချင်းလေးနဲ့ ကလိုက်ကြရအောင်... :P











မကြာသေးမီက album အသစ်ထွက်ထားတဲ့ The Used ပါ... ကျမ play list ထဲက Smother Me သီချင်းလေးက ရှားရှားပါးပါးပါ... သူတို့ bandရဲ့ အခြားသီချင်းများနဲ့ မတူတဲ့ အဲဒီ့သီချင်းအေးလေးကို နားထောင်ကြည့်ပါဦးနော်....













ကျမ အတော်ကြိုက်တဲ့ band ပါ... Panic! At The Disco တဲ့... Fever You Can't Sweat Out ဆိုတဲ့ album တခုပဲထွက်ရသေးတဲ့ သူတို့ band ရဲ့ အောင်မြင်မှုကလည်း မသေးပါဘူး...









Evanescence ပါ... သူ့ရဲ့ Anywhere But Home ဆိုတဲ့ album ကို ဘယ်နှခေါက် ပြန်နားထောင်နားထောင် ကျမအတွက်တော့ မရိုးနိုင်ပါဘူး... နောက်ဆုံး album ဖြစ်တဲ့ The Open Door ဆိုလည်းကောင်းတာပဲ... သူမတူဇော်စိမ်းတောင် သူ့သီချင်းတွေကို ဂိုက်ပေးအကြမ်းစားနဲ့ ပြန်ဆိုနေတာ ကြားတော့ ကျမစိတ်ထဲမှာ နှမြောနေသလိုပဲ... ဘယ်တတ်နိုင်ပါ့မလဲလေနော်... own tune ကိုသိတာ လက်တဆုပ်စာပဲ ရှိတယ်ဆိုပြီး ပြောလို့ပြောနဲ့... ကိုယ်က အဲဒီ့လက်တဆုပ်ထဲပါနေလေတော့... :P



Bullet For My Valentine ပါ... album တခုထဲပဲ ထွက်ရသေးပါတယ် ... သူတို့သီချင်းတွေက ကျမ အကြိုက်ဆုံးကတော့ Tears Don't Fall, All These Things I Hate (revolve around me) နဲ့ Suffocating under Words of Sorrow ပါ...

1 comment:

tayzar said...

အဟား မိုက်တယ် ဒေါ်လေး တားနားထောင်ဘူးတာ ၃ band ပဲရှိတယ် ဒေါ်လေး ညွန်းနေတဲ့ snakes on the plane က သီချင်းနားထောင်လိုက်ဦးမယ်။