Showing posts with label sketchings. Show all posts
Showing posts with label sketchings. Show all posts

Monday, 29 October 2007

voodoo အပ်စိုက်

တားတား တေဇာက tag လာတော့လည်း ဆွဲလိုက်ရတာပေါ့... သူကလည်း ရှာရှာဖွေဖွေ ကိုယ့်ပုံကို voodoo အပ်စိုက်ရမယ်တဲ့... ခုပုံက ကျမနဲ့ သိပ်မတူပါဘူး... ဟုတ်ကိုမဟုတ်တာ... ဆံပင်ပုံစံပဲတူတယ်... ကျမဆွဲတဲ့ ပုံကို ကြည့်ပြီး နောက်လာမလည်ကျတော့ရင် တေဇာ အပြစ်ပဲ... ဟီးဟီး :P ပုံဆွဲပါမယ်ဆိုမှ မီးကလည်း အလုပ်ကပြန်ရောက်ထဲက ပြတ်လိုက်တာ... ပြန်ကိုမလာဘူး... ဆွဲလို့ပြီးတော့မှပဲ လာတော်မူတယ်... စစဆွဲချင်းတုံးကတော့ ခဲနဲ့ပဲဆွဲတာပါ... ဆွဲရင်းနဲ့ မာန်ပါလာပြီး ရှိတဲ့ ဖယောင်းဆေးတွေပါ သုံးပစ်လိုက်တာ... လန့်လည်းမသွားနဲ့ ဦးနော် :P

Wednesday, 10 October 2007

ကိုယ်တိုင်ရေး ခဲပန်းချီ

ကျမက ငယ်ငယ်လေးထဲက ပုံဆွဲဝါသနာပါခဲ့ပါတယ်... ဒီပုံလေးကိုတော့ onlineတနေရာမှာပဲတွေ့ခဲ့ပြီး ချက်ချင်းကူးရေးဆွဲထားတာပါ... မိနစ်၃၀လောက် အချိန်ယူပြီး ရေးဆွဲခဲ့ပါတယ်... လှတယ်မှလား :P