Sunday, 14 October 2007

ခေါင်းစဉ်မဲ့

ဆုတောင်းတိုင်းမပြည့်တတ်တော့ ကျင့်သားတောင်ရနေပြီ… ဒါပေမဲ့ ကျမဟာ ပုထုဇဉ်တယောက်ပါ… ကျင့်သားရနေတယ်ဆိုပေမဲ့ အခုဝေဒနာကို ကျော်လွှားနိုင်တယ်လို့တော့ မဆိုဘူးနော်… အတော့်ကို နာကျင်တယ်… ဘာမှမလုပ်ချင်လောက်အောင်ကို လူကပျော့ခွေသွားတယ်… ထမင်းလည်း ထမစားချင်ဘူး… ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူး… မျက်စိကိုမှိတ်ပြီး အိပ်ရာထဲမှာ ခွေနေမိတယ်… ရင်ထဲက တင်းကျပ်နေတဲ့ ခံစားမှုတွေ ထွက်သက်တချက်မှာ နည်းနည်းပဲဖြစ်ဖြစ်ပါသွားမယ်ဆိုရင် သက်သာသွားမလား… ရင့်ကျက်မှုမရှိဘူးလို့ ပြောလည်းခံရုံပဲ… ဟန်ဆောင်တာကို မုန်းတဲ့ကျမ… သူမရိပ်မိအောင် ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်တယ်… သူစိတ်ချမ်းသာအောင်လို့တော့ ခေါင်းစဉ်မတပ်ဘူးနော်… သူ့ရင်ထဲမှာ ကျမအတွက်ဆိုတာ မရှိမှန်းသိခဲ့ရလို့ပဲ… အပြစ်တင်နေတာလည်းမဟုတ်ပါ… ဘယ်တုန်းကမှ အဲဒီ့လို စိတ်မျိုး သူ့အပေါ်မထားခဲ့ဘူး… နောင်လည်းထားမှာ မဟုတ်ပါဘူး… ဒါကြောင့်လည်း ပိုပြီးနာကျင်နေရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်… ကိုယ့်ကိုယ်ကိုလည်း အံ့သြမိတယ်… သူနဲ့ ကျမပြောခဲ့ဘူးတဲ့ စကားတွေထဲက တချို့ဝမ်းသာစရာနဲ့ ပျော်ရွှင်စရာတွေဟာ နောက်ဆုံးတော့ "စတာစိတ်မဆိုးတတ်ဘူးနော်" ဆိုတဲ့ သူ့စကားအောက်မှာ မျှော်လင့်ချက်မဲ့သွားရပြန်တယ်… ကျမ စိတ်ကူးယဉ်တတ်လို့လဲ ဖြစ်ချင်ဖြစ်မယ်…နာကျင်စေမယ့် စကားလုံးတွေကျတော့ အံ့သြစရာကောင်းလောက်အောင် အတည်ဖြစ်နေတတ်တယ်... "ပြန်ရပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး" လို့ ကျမ သူ့ကိုပြောခဲ့ဘူးတယ်… အဲဒီ့စကားထဲမှာ ဒဏ်ရာဆိုတာလဲ အကျုံးဝင်တယ်…. ဒါပေမဲ့……

……………………..

……………………..

ဒါကို သူသိအောင် ခုထိမပြောဖြစ်သေးဘူး….

(ကျမရဲ့ အချစ်အကြောင်းကို သိချင်တယ် ပြောဘူးတဲ့ သူ့အတွက်)

2 comments:

peaceful said...

i like that essay . but don't b fool sis i was like that but in the end there r nothing . u know that is a just feeling nothing important. =P ( a` sa yar g louk ter ma hote woo nor )

Helena said...

maybe that's a feeling nth important for u but it's my life bro... thx 4 ur words but it's too late to turn bak... i'm out of control...