Friday, 19 October 2007

မပြောဖြစ်ခဲ့သော...

ချစ်သူ…

ဟိုရှေ့မှာ ပြုတ်ကျနေတာ

တခြားမဟုတ်ဘူး…

ငါ့စိတ်ဓါတ်တွေပဲ…


မင်းအတွက် ဘာမှမဟုတ်တဲ့ အရာတခု

ငါ့အတွက်ကျတော့

သေမလောက် ခံစားနေရတာ

မင်း ဟားတိုက်ရီမှာ ငါသိတယ်…


မင်းမစဉ်းစားအားဘူးဆိုတဲ့

အချစ်အကြောင်း…

ငါကျတော့ တွေးတွေးမိနေတာ

ငါ အားနေလို့ပဲ ဖြစ်မှာပါလေ…


ငိုလွယ်တာ မကောင်းဘူးဆိုလို့

ငါ မျက်ရည်ပဲ ၀ဲမိတာ

အပြစ်တော့ မရှိလောက်ဘူး ထင်ပါရဲ့…


ချစ်သူ…

ဟိုရှေ့မှာ ပြုတ်ကျနေတာ

တခြားမဟုတ်ဘူး…

ငါ့ စိတ်ဓါတ်တွေပဲ…

5 comments:

Chaos said...

ကဗျာလေးတွေလာခံစားသွားတယ်နော်
နောက်လဲလာလည်အုံးမယ်

Moe Hlaing Nya said...

ကဗျာလေးကောင်းတယ် မသီရိ
နောက်လည်းအလျဉ်းသင့်သလို ကဗျာရေးပါနော်
အားပေးလျှက်

Helena said...

ဟုတ်... အားပေးတာကျေးဇူးပါရှင့်

မျှားပြာ said...

ပြန်ကောက်မယ်ဆိုရင်တော့ အဲဒီကဗျာကိုလဲ စောင့်ဖတ်ရဦးမယ်

အောင်မျိုးဟန် said...

ကြိုက်လို့ ကော်ပီ ကူးသွားတယ်။

ကြနေတာချင်းတူသွားလို့