အမှန်တရားတဲ့လား …???
ဘယ်နားမှာလဲ…???
ဘာကိုခေါ်တာလဲ…???
ဟိုမှောင်မိုက်နေတဲ့ လေးဘက်လေးတန်
အခန်းကျဉ်းလေးလား…???
လွတ်လပ်စွာ ပျံသန်းဖို့ အားယူနေတဲ့
အတောင်ပံတွေ ရိုက်ချိုးခံရခြင်းလား...???
ဘယ်သူမှ တွေးမကြည့်ဝံ့တဲ့
သံမန်တလင်း ကြမ်းပြင်ပေါ်က အိပ်မက်ဆိုးတခုလား...???
ခင်းကျင်းပြသပိုင်ခွင့်တောင် မရှိတော့တဲ့
စိတ်ကူးနဲ့ ရည်မှန်းချက်တွေကို ဆင်ဆာဖြတ်ခံရခြင်းလား...???
ဒါတွေကသာ
အမှန်တရားလို့ ကုန်းအော်နေတဲ့ လူတစုအတွက်ဆိုရင်
ငါတို့ မြင့်မြတ်စွာ ဆက်မှားကြဦးစို့။
(ခေတ္တ အမှားဖြစ်နေသော အမှန်တရားကိုမှ မြတ်နိုးတဲ့ ကျမရဲ့ အကိုအတွက်)

5 comments:
သီရေ
လူအနည်းအများကို ကြည့်ပြီး အမှားနဲ့အမှန်ကို ခွဲတယ်တဲ့။ အခုခေတ်မှာ မှားတဲ့လူက များနေတော့ အမှန်တရာက အမှားလို ဖြစ်နေတာပေါ့လေ။ ဒါပေမယ့် သိပ်မကြားခင်မှာပဲ အမှန်တရားက အနိုင်ရလာမှာပါ။ သဲတို့ အားမလျှော့ဘဲ ကြိုးစားကြရအောင်
ချစ်တဲ့
သဲ
သီရိရေ..
ဒါတွေကသာ
အမှန်တရားလို့ ကုန်းအော်နေတဲ့ လူတစုအတွက်ဆိုရင်
ငါတို့ မြင့်မြတ်စွာ ဆက်မှားကြဦးစို့။
တွဲလက်တွေ ခိုင်မြဲကြ လက်တွဲညီကြပါစို့...
ဖုံးကွယ်နေတဲ့အမှန်တရားအတွက်.. အလင်းရောင်ဆီကို လျှောက်လှမ်းကြပါစို့....
ဒါတွေကသာ
အမှန်တရားလို့ ကုန်းအော်နေတဲ့ လူတစုအတွက်ဆိုရင်
ငါတို့ မြင့်မြတ်စွာ ဆက်မှားကြဦးစို့။
ငါတို့မှာ မျှော်လင့်ချက်ဆိုတဲ့
မီးလုံးလေး မမှေးမိန်သရွေ့
ဆက်လက်ပီး မျှော်လင့်ရင်းဆက်မှားကြဦးမှာပဲ
မြင့်မြတ်တဲ့အမှားနောက်ကွယ်က
ကြီးမြတ်မှုကို ငါတို့ကိုယ်တိုင်ကလွဲလို့ ဘယ်သူသိနိုင်မှာလဲ
nothing but just wanna be proud of u
အင်း
ထပ်တူ ထပ်မျှ ခံစားရတယ် သိရီရေ
ပင့်ဂိုလ်းတို့လည်း စိတ်မကောင်းဘူးလေ
Post a Comment