ကျမညီမလေး မေပျို tag ထားတာလေးပါ။ အပျင်းကြီးနေတာနဲ့ စာလည်းမရေးဖြစ်ပါဘူး။ ညီမလေး tag တော့မှပဲ ပြန်ရေးဖြစ်တော့တယ်။ ငါဘာကောင်လဲတဲ့။ tag တတ်လိုက်ကျတာနော်။ ဒီတော့လည်း ပြောရချည်သေးရဲ့။ ဖတ်ပြီး ထမင်းစားချင်စိတ် ပျက်က တာဝန်မယူပါ။
ရုပ်ရည်သွင်ပြင်လေးက အရင် စပြောရအောင်နော်။
မျက်လုံး - အရမ်းလှတယ်လို့တော့ မျက်မှန် အနက်ကြီးတပ်ထားရင် ပြောကြတာပဲ။ ဒါပေမဲ့ မျက်လုံး တစ်ဖက်စီက သူငယ်အိမ် နှစ်ခုက တယောက်နဲ့ တယောက် ရန်ဖြစ်ထားတော့လေ တယောက်က အပေါ်ကြည့်ရင် နောက် တယောက်က ဘေးကိုကြည့်တယ်။ အချင်းချင်း အရွဲ့တိုက်ကြတာလေ။ သူတို့လုပ်တာနဲ့ ကျမမှာ မျက်စိစောင်းနေတယ် ဆိုပြီး အပြောခံရပါလေရော။ ခက်တယ်နော်။
မျက်ခုံး - အများနဲ့ မတူ အလှဘွဲ့ယူမှာနော်။ အထင်တော့ မသေးနဲ့။ လှချင်လွန်းလို့ လက်စွမ်းပြမိပါတယ်။ လက် အရှိန်လွန် သွားလို့ တပိုင်းပြတ်နေတဲ့ မျက်ခုံးမွှေး စတိုင်လ်လေးက တမျိုးတော့ အထူးသား။ ကြိုက်ပြီး လိုက်လုပ်တော့မယ် မဟုတ်လား။ သိနေတယ်လေ။ အဟတ်ဟတ်…
နှာခေါင်း - သူလည်း သူ့ဟာသူတော့ လှတာပဲ။ ကျမ ဘေးတိုက် ရိုက်ထားတဲ့ ဓါတ်ပုံကို ကြည့်ပြီး သူလေး ကတောင် ပြောသေးတယ်။ ခြေတံလေးကို စင်းနေတာပဲတဲ့။ မယုံမရှိနဲ့နော်။ နှာခေါင်းဆိုတာ မျက်စိနှစ်လုံးခြားမှာ။ ဟီးဟီး။
ပါး - ၀က်ခြံတွေ အပြွတ်လိုက် ထွက်နေတာနဲ့ အဆီတွေပြန် တတ်တာက လွဲလို့ အတော် စွဲဆောင်မှုရှိတဲ့ ပါးလေးပါ။ တခါတလေ လက်နဲ့ ဆိတ်မိဆွမိလို့ ရောင်ကိုင်းနေတဲ့ အချိန်လေးက လွဲပြီး အခြား အချိန်ဆို လူတိုင်း နှစ်ခါပြန် လှည့်ကြည့်ခံရလောက်အောင် လှတာ။ အဟုတ်။
နှုတ်ခမ်း - အဆိပ်သင့်တဲ့ နှုတ်ခမ်းလို့ သူများတွေက ချစ်စနိုးလေး ခေါ်ကြတယ်။ ဘာလို့လဲ သိလား။ နှုတ်ခမ်းနီ အကုန်ခံပြီး ဆိုးနေစရာကို မလိုဘူး။ နဂို အော်ရီဂျင်နယ်ကိုက ညိုပုပ်ပုပ် အရောင်လေး။ ကဲ ဘယ်လောက် ကဗျာ ဆန်လိုက်လဲနော်။
သွား - ငယ်ငယ်ထဲက သွားပိုးတွေ စားပြီး နှုတ်ထားရလို့ မဆိုသလောက်လေး နည်းနည်းတော့ ကျဲတယ်။ သွားပိုးစားနေတာတွေသာ အကုန်နှုတ်ရရင် ဖွားဖွားကြီးရုပ်ပေါက်သွားမှာ စိုးလို့ ရှေ့သွားလေးတွေကို ပိုးစားနေတဲ့ အတိုင်း နယ်ထရယ်လေးပဲ ထားလိုက်တော့တယ်။ သိတယ်မဟုတ်လား။ နယ်ထရယ် ဘူးသီး ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ။
ဆံပင် - အတွေးနည်းနည်းလွန်ပြီး အရွယ်မတိုင်ခင် ဖြူကုန်တာနဲ့ ခုခေတ် ဟိုက်လိုက်လုပ်တာနဲ့ သွားတိုက်ဆိုင်နေတော့ ဂွင်ပေါ့။ မသိရင် ဟိုက်လိုက်လေးတွေပဲ ဖောက်ထားသလိုလို ဘာလိုလိုနဲ့ ချောလဲ ရောထိုင်ပေါ့။ ဘယ်သူမှ ပြောရဘူးနော်။ ဒီက ခင်လို့ ပြောပြတာ။ လျှို့ဝှက်ချက်တွေကို ဘယ်သူမှ သိတာ မဟုတ်ဘူး။ ရှူးတိုးတိုး။
ဘော်ဒီရှိပ် - ရေးရမှာ ပျင်းတယ်ကွာ။ ကိုယ့်ဖာသာကိုယ်သာ တွေးကြည့်လိုက်တော့။ ဂျနီဖာ အင်နက်စတန် ( Jennifer Aniston ) လိုမျိုးလေးလို့ တွေးလည်း စိတ်မဆိုးဘူးနော်။ တကယ်… ဒီက အရမ်း သဘောထားကြီးတာ။ တွေးကြည့်တာနဲ့တင် သိတယ်မဟုတ်လား။
ကဲ ရုပ်ရည်သွင်ပြင်ကတော့ ဒီလောက်ပါပဲကွယ်။ ခုဆိုရင် ကျမ
သောကြာသမီးဆိုပေမဲ့ ကိုယ်နဲ့ စကားပြောရတာ သိပ်ကီးမကိုက်တဲ့ သူနဲ့ဆိုရင် တခွန်းက နှစ်ခွန်းပြောရမှာတောင် စိတ်သိပ်မပါဘူး။ အော်.. အဆင်ပြေတဲ့သူနဲ့ ဆိုရင်လား။ ပြောမနေပါနဲ့တော့… အသားကုန် လွှတ်တာ။ သူအားတာ မအားတာ နားမလည်ဘူး။ ကိုယ်ပြောချင်တာ ပြောရဖို့က အဓိက။ အဲလို အလိုက်ကန်းဆိုးသိတာနော်။
မေ့တတ်တာကလည်း တရားလွန်ပါပဲ။ အဓိက အနေနဲ့ကတော့ သူများဆီက ပိုက်ဆံချေးပြီးရင် လုံးဝကို မမှတ်မိတော့တာပဲ။ ကိုယ့်ဆီက ချေးတာမျိုးကျတော့ အမေ့ကို မှတ်ခိုင်းထားလိုက်တယ်။ အဲဒါ စိတ်အချရဆုံးပဲလေ။
အရမ်းလည်း ချိုးခြံချွေတာ တတ်သေးတယ်။ ဒါကို မနာလိုသူတွေက ကပ်စီးနည်းတယ်ရယ်လို့ ကဲ့ရဲ့တတ်ကြသေးတယ်။ ဂရုမစိုက်ပါဘူး။ အော် ဟုတ်တယ်။ အဲလို သူများတွေ ကိုယ့်ကိုထင်တဲ့ အထင်တွေကိုလည်း လိုက်ပြီး ဂရုမစိုက်တတ်ပြန်ပါဘူး။
ကိုယ်လုပ်စရာ ရှိတဲ့ ကိစ္စကို နောက်ကနေ ` လုပ်လေ… လုပ်လေ.. ´ နဲ့လိုက်ပြီး တွန်းနေရင် အရွဲ့တိုက်ပြီး ပိုကြာအောင် အချိန်ဆွဲထားပြီးမှ လုပ်တတ်တယ်။
ကျန်တာတွေကတော့ အများကြီးပေါ့။ ဘာမှန်းမသိ ညာမှန်းမသိ ရမ်းသမ်းပြီး အီစီကလီထုတာတွေကို မုန်းတယ်။ ဘာမှ မခက်တဲ့ ခပ်လွယ်လွယ် ကိစ္စလေးတွေကို ဘယ်လိုမှ ရှင်းပြလို့ မရအောင် ဥာဏ်တိန်နေတတ်တဲ့ သူမျိုးဆို စိတ်လေတတ်တယ်။ ဒီလောက်ပဲကွယ်။ တော်ပြီ။ ဒီလောက် ကိုယ်ပေါင်ကိုယ် လှန်ထောင်းပြတာနဲ့တင် ကျေနပ်ကြပါလို့။

3 comments:
သီသီရေ ဒီပို့စ်ကိုဖတ်ပြီးတော့ အပြင်မှာ နေ့တိုင်းမြင်နေရတဲ့ သဲတောင် လူမှားချင်နေပြီ။ သဲအမက ခပ်ချောချော၊ ခပ်မိုက်မိုက်လေးပါ။ ဟဲဟဲ။ ကြော်ငြာဝင်တာလေ။ ကိုယ့်အစ်မဆိုတော့လည်း။
အစ်မရေးထားတာကတော့တကယ်
ဟာသမြောက်ပါတယ်။ပျော်နေပြီပေါ့ဟုတ်လား။
စိတ်နေကောင်းသွားပြီလားလို့မေးတာပါ။
အမ် ဘာကိုယုံရမှာလည်းဗျ .. အပေါ်မှာပြောတာနဲ့
ရေးထားတာနဲ့  .. ဟတ် ဟတ် ဟတ်
Post a Comment