ငါကမ်းတဲ့လက်
မင်းမတွဲမယ့် အတူတူ
အရှုံးပေးလိုက်ရတော့မလား…
ဟင့်အင်း…
ဒါတော့ မဖြစ်နိုင်ဘူး…
ငါမက်နေတဲ့ အိပ်မက်
လက်တွေ့ဘ၀ မဟုတ်တဲ့ အတူတူ
ဟို အဝေးကိုထွက်ပြေးသွားရမလား…
ဟင့်အင်း…
ဒါလည်း မဖြစ်နိုင်ဘူး…
ထွက်ပြေးတိမ်းရှောင် လို့မရမယ့်အတူ
နာကျင်မှုတွေကို ထွေးပွေ့
ငါဆက်လျှောက်လာမယ်… ချစ်သူ…
အေးစက်စက် မင်းနှလုံးသားဆီရောက်ဖို့…။

1 comment:
ကြိုက်တယ်
Post a Comment